+(95-9) 519 7770
EnglishGermanItalianSpanish

Inle CSR

It is our Pristine Lotus Resort’s primary concern that guests enjoy their stay: but besides offering the first-rate service, this also
includes ensuring maximum safety. To guarantee adequate fire safety standards, we regularly train our Team.
In our hotel, the safety of guests and personnel is of paramount importance. We want to be an example of the right safety fire protection for the Shan Region.

အင်းလေးဒေသသို့လာရောက်လည်ပတ်သည့် ဧည့်သည်များ အန္တရာယ်ကင်းရှင်းရေးနှင့် အထူးသဖြင့် Pristine Lotus Resort, Inle တွင် တည်းခိုကြသည့် ဧည့်သည်တော်များ စိတ်ချမ်းမြေ့စွာတည်းခိုနိုင်ရေးသည် ကျွန်ုတို့၏ ဦးစားပေးရည်ရွယ်ချက်ဖြစ်ပါသည်။
မီးဘေးအန္တရာယ်သည်လည်း အဓိကစိုးရိမ်စရာဖြစ်သဖြင့် ဧည့်သည်တော်များ၏ လုံခြုံမှုနှင့် လုံလောက်သော မီးဘေးလုံခြုံမှုစံနှုန်းများရှိစေရေးအတွက် Pristine Lotus Resort, Inle ၏ ဝန်ထမ်းများမှ မီးသတ်ဦးစီးဌာန၏ အစီအစဉ်ဖြင့် လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်းဖြင့် မီးဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ပုံမှန်လေ့ကျင့်လျှက်ရှိပါသည်။

(၃၀.၃.၂၀၁၆)ရက် နေ့တွင် အင်းဦးကျေးရွာ ဆရာတော် ဘုရားအား အမှူထား၍ Pristine Lotus Resort မိသားစု အင်းဦးကျေးရွာ ရေလမ်းတူးဖော်ရာတွင် အင်းလေးကန်အဝင်ဝမှ ဟိုတယ်ရေလမ်းကြောင်းအထိ ပေ (၂၃၀၀) ကုန်ကျစရိတ် စုစုပေါင်း (၁၆၂) သိန်းကျပ်တိတိနှင့် ဟိုတယ်ရေလမ်းမှ အင်းဦးဘုရားလမ်းအထိ ပေ(၁၂၅၀) မျှော်တိုင် ဆက်လက်စိုက်ထူရန် ငွေကျပ် (၁၅)သိန်းအား ရေစက်ချ ပေးအပ်လှူဒါန်းခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်ခြင်း အလှူတော် မင်္ဂလာအား အင်းဦးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၆.၀၃.၂၀၁၆) ရက်နေ့တွင် ညောင်ရွှေမြို့နယ် အင်းဦးကျေးရွာရှိ အင်းဦးဘုရားတွင် ကျင်းပသော (၁၀)ကြိမ်မြောက် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲ၌ Pristine Lotus Spa Resort ၀န်ထမ်းများမှ တတပ်တအား ပါဝင်၍ ဆွမ်းဆန်(၂)အိတ်လောင်း လှူခဲ့ကြပါသည်။

(၁၉.၁၂.၂၀၁၅) ရက် တန်ဆောင်မုန်း လပြည့်နေ့ ဆွမ်းလောင်းပွဲ အပြီး၌ ခေါင်တိုင်ကျေးရွာ အနီးရှိ ရွှေမျှင်တင်ဘုရားတွင် ၀န်ထမ်းများ စုပေါင်း၍ အမှိုက်များ ရှင်းလင်းခြင်း၊ ဘုရားပရ၀ုဏ် သန့်ရှင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြပါသည်။

(၁၃.၁၂.၂၀၁၅) ရက်နေ့တွင် အေးသာယာမြို့သစ်ရှိ မိဘမဲ့ကျောင်းသို့ အ၀တ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြပါသည်။

(၇.၁၂.၂၀၁၅) ရက်နေတွင် ခေါင်တိုင်ကျေးရွာရှိ ကျေးလက်ဆေးပေးခန်း ပတ်ဝန်းကျင်ရှိ မြက်များ၊ အမှိုက်များအား ရှင်းလင်းခြင်းဖြင့် လုပ်အားဒါန ပေးလှူခဲ့ကြပါသည်။

အင်းဦးကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းသို့ သွားရောက်၍ အမှိုက်များ ကောက်ယူခြင်း၊ အမှိုက်များအား မီးရှို့ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ်

ဝန်ထမ်းများ စုပေါင်း၍ ရေဦးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ကထိန်သင်္ကန်း ဆပ်ကပ် လှူဒါန်းသော မှတ်တမ်းဓာတ်ပုံ

ဟိုတယ်ရှေ့ရှိ အာနန္ဒာကပ်ကျော်ဘုရားအား ဆီမီး (၁၀၀၀)နှင့် ဧည့်သည့်များအား စတုဒိသာ ကျွေးမွေးလှူဒါန်းသော မှတ်တမ်းဓာတ်ပုံ

ဟိုတယ်ရှေ့ရှိ အာနန္ဒာကပ်ကျော်ဘုရားအား ဆီမီး (၁၀၀၀)နှင့် ဧည့်သည့်များအား စတုဒိသာ ကျွေးမွေးလှူဒါန်းသော မှတ်တမ်းဓာတ်ပုံ

ခေါင်တိုင်ကျေးရွာ အတွင်းရှိဂြိုလ်ရှစ်လုံး ဘုရားဆွမ်းလောင်း လှူ ပွဲအပြီးတွင် Pristine Lotus Spa Resort ဝန်ထမ်းများ အမှိုက်ကောက်သန့်ရှင်းရေး လုပ်အားဒါန ပြုနေသော မှတ်တမ်းဓာတ်ပုံ